Wednesday, June 22, 2016

Norm Of The North (2016) မြန်မာစာတန်းထိုး

- ကလေး၊ လူကြီးမရွေး သဘောကျမယ့် စွန့်စားခန်းသရီး ဒီအန်နီမေးရှင်းဇာတ်ကားသစ်လေး ထွက်လာပြန်တာကြောင့် ပရိသတ်တွေအကြိုခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံ (ပိုလာဝက် ဝံ)တစ်ကောင်ဖြစ်တဲ့ နောမ်ဟာ ဘယ်လိုအမဲလိုက်ရတယ်ဆိုတာ မသိတဲ့ ဝက်ဝံတစ်ကောင်ဖြစ်ပြီး သူ့မှာရှိတဲ့ သူမတူတဲ့ စွမ်းရည် တစ်ခုကတော့ လူတွေလိုစကား ပြောတတ်တာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ အာတိတ်ဒေသကို လူတွေလာလာပြီး လေ့လာကြတဲ့ အခါမှာ နေစရာ၊ တည်းခိုစရာမရှိ တဲ့အတွက် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်က အပန်းဖြေအိမ် တွေ၊ ကွန်ဒိုတွေ ဆောက်လုပ်ဖို့ကြံစည်နေတဲ့အတွက် အာတိတ် ဒေသက တိရစ္ဆာန်တွေတိုင်ပင်ပြီး အဲဒီလုပ်ငန်းရှင်သူဌေးရှိတဲ့ နယူး ယောက်ကို နောမ်ကိုလွှတ်ပြီး တားဆီးခိုင်းဖို့လုပ်ခဲ့ပါတယ်။
အိမ်ခြံမြေသူဌေး မစ္စတာ ဂရင်နီကြောင့် မွေးရပ်မြေပျက်စီး ကိန်းဆိုက်နေတဲ့အတွက် နောမ် ဟာ ဗြောင်းဆန်အောင်ဆော့တဲ့ သူ့မိတ်ဆွေ လမ်မင်ကြွက်ကလေး သုံးကောင်ကို အဖော်အဖြစ်ခေါ် ပြီး သင်္ဘောကြီးနဲ့ နယူးယောက်ကို လိုက်သွားခဲ့ပါတယ်။
အာတိတ်ဒေသနဲ့ ဆန့်ကျင် ဘက်မြင်ကွင်းတွေရှိတဲ့ နယူး ယောက်မှာ နောမ်တို့ခြေချမိတဲ့ အခါ ကြုံရတဲ့အလွဲလွဲအမှားမှား လေးတွေကလည်း ပရိသတ်တွေ ကို ရယ်ရွှင်ကြည်နူးမိစေမှာပါ။ နောမ်ဟာ အဲဒီအိမ်ခြံမြေကော်ပို ရေးရှင်းရဲ့ လာဘ်ကောင်အဖြစ် ဝင်လုပ်ခဲ့ပြီး အာတိတ်ဒေသကို အဖျက်အမှောင့်လုပ်မယ့် သူဌေး ရဲ့ အစီအစဉ်တွေကို တိတ်တ ဆိတ်စုံစမ်းခဲ့ပါတော့တယ်။
လုပ်ငန်းခွင်ထဲရောက်နေတဲ့ နောမ်က အာတိတ်ဒေသ ပျက်စီးမယ့် အရေးကို တားဆီးနိုင်မှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Ice Age ဇာတ်လမ်းလိုမျိုးလေးပဲဖြစ်လို့ ဒီမှာကော ဘယ်လိုအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားသလဲဆိုတာ မြည်းစမ်းကြည့် ဖို့ တိုက်တွန်းလိုက်ပါတယ်။ တ၀ါးဝါးတဟားဟားနဲ့ ဘ၀င်ကျစရာ မိသားစုနဲ့ အတူကြည့်ဖို့ သင့်တော်တဲံကားမျိုးပါ.။

Credit to -7day Daily
Encode by:Mg MOe Tain
Pcloud Download LInk - 800MB

Small File - 420MB
http://adf.ly/1bTtiE







Sagai United (2004) မြန်မာစာတန်းထိုး
  အရာရာမှ ကျရှုံးပြီး စိတ်ဓာတ်တွေကျဆင်းနေတဲ့ အရှုံးသမားဘောလုံး နည်းပြကြီး ကျေးတောရွာလေးတစ်ရွာကို သွားရောက် အလည်သွားမိရာကနေ ရွာသားလေးတွေ ဘောလုံးကန်တာကိုကြည့်ပြီး ဘောလုံးအသင်းတစ်သင်းဖွဲ့ဖို့ စိတ်ကူးရခဲ့ပါတယ်.။ ကပေါက်တိကပေါက်ချာဖြစ်နေတဲ့ ရွာသားလေးတွေကို ဘုရင့်ဖလားရရှိအောင် ပြိုင်ပွဲဝင်ကြတဲ့အခါမှာတော့........။
  ဘောလုံးလောကနောက်ခံ ကြည်နူးစရာ ထိုင်းဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်.။
  Imdb Raiting 6.9 တောင်ရရှိထားတာဖြစ်ပြီး ရုံတင်ပြသစဉ်ကလဲ အကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့တဲ့ဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါဦးလို့..။

Encode by: Mg Moe Tain
Pcloud Download Link -700 MB
http://adf.ly/1bSP1M





ခရီးသွားဆာမူရိုင်း Anime Samurai X (မြန်မာစာတန်းထိုး)
Samurai X (မြန်မာစာတန်းထိုး) Episode 4 ကြေးစားတိုက်ခိုက်ရေးသမား ဇန်ဇာပေါ်ထွက်လာခြင်း..

မေဂျီခေတ်ပြောင်းတော်လှန်ရေးကြီးမှာ သေမင်းလျှပ်စီးဓားသိုင်း (Hiten Mitsurugi-ryū) Batosai လို့ခေါ်တဲ့ ဓားသမားဟာ အစိုးရဘက်မှနေပြီး ကူညီ၍ စစ်ပွဲကြီးမှာပါဝင်တိုက်ခိုက်ခဲ့ပြီး သွေးစွန်းနေတဲ့ မိစ္ဆာတစ်ကောင်လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပြိုင်ဖက်ကင်းဓားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်.။ မေဂျီခေတ်သစ်ကို အရောက်မှာတော့ တော်ဝင်လူသတ်သမားဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး သူကိုင်ဆောင်ခဲ့တဲ့ အသွားပြောင်းပြန်ဓားကို ကိုင်ဆောင်ထားတဲ့ အူကြောင်ကြောင် ခရီးသွားလူငယ်တစ်ယောက်ပေါ်ထွက်လာတယ်.။
ဒီအပိုင်းမှာတော့ ဇန်ဘာတိုဆိုတဲ့ ဧရာမဓားကြီးကို ကိုင်ဆောင်တဲ့ ကြေးစားတိုက်ခိုက်ရေးသမား ဇန်ဇာနှင့်ရင်ဆိုင်ကြရမှာပါ.။ ဇန်ဇာဆိုတာ တော်ရုံပြိုင်ဖက်ကို အားတောင်မသုံးပဲ နဖူးတောက်ထုတ်ပြီး ပစ်လဲကျအောင်လုပ်နိုင်စွမ်းရှိတဲ့ မြေအောက်လောကက အင်အားအင်မတန်ကြီးတဲ့ တိုက်ခိုက်ရေးသမားပါ.။ အမြဲတမ်း သန်မာတဲ့ ပြိုင်ဖက်ကို လိုက်ရှာနေတတ်သူတစ်ဦဖြစ်ပြီး ဂန္တ၀င်လူသတ်ကောင် ဘာတိုဆိုင်ဟာ ကန်ရှင်ဖြစ်မှန်းသိရှိသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲ စတင်ပါတော့တယ်........။
        Pcloud Download Link -100MB
        Translated & Encode by: Mg Moe Tain
       http://adf.ly/1bSLZ6




Monday, June 20, 2016




မာန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 Episode 2 (မြန်မာစာတန်းထိုး) 18+ 720P HD
ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။ Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး... :) .။
ဇာတ်လမ်းအကျဉ်း..
Vanessa Ives (Green) ဟာ မာရ်နတ်ရဲ့သတို့သမီးအဖြစ်မွေးဖွားလာသူပါ။ အပျိုဘော်ဝင်စအချိန်ကစပြီး သူဘုရားရှိခိုးတဲ့အခါတိုင်း တစုံတယောက်ကသူ့နားနားကပ်ပြောနေသလို တိုးတိုးညှင်းညှင်းအသံတသံကိုကြားရလေ့ရှိပါတယ်။ ၄င်းအသံဟာ ဘုရားကိုစွန့်ပယ်ပြီး အဆုံးမရှိတဲ့တန်ခိုးအာဏာတွေကိုရှာဖွေဖို့သူ့ကိုအဆက်မပြတ်တိုက်တွန်းနေပေမယ့် Vanessa ဟာသူ့ရဲ့ကတ်သလစ်ဘာသာအပေါ်သက်ဝင်ယုံကြည်မှုကိုမစွန့်လွှတ်ခဲ့ပါဘူး။
တနေ့မှာသူ့ငယ်သူငယ်ချင်းကောင်မလေး Mina Harker ကိုသွေးစုတ်ဖုတ်ကောင်တွေက ဖမ်းဆီးသွားတဲ့အခါ Mina ရဲ့အဖေ Malcolm Murray (Dalton) နဲ့ပူးပေါင်းပြီး Mina ကိုပြန်ကယ်ဖို့ကြိုးစားရပါတော့တယ်။ သူ့သူငယ်ချင်းကိုကယ်တင်ဖို့၊ သဘာဝလွန်အန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက် Vanessa ဟာ မာရ်နတ်ရဲ့လက်ဆောင်တခုကို မတတ်သာတဲ့အဆုံးလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရှေ့ဖြစ်မြင်နိုင်ပြီး တမလွန်ဘုံနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းကို ရရှိခဲ့တယ်။
အမေရိကန်နိုင်ငံကဆပ်ကပ်အဖွဲ့တခုနဲ့အတူ Ethan Chandler (Hartnett) ဟာလန်ဒန်မြို့ကိုရောက်ရှိလာခဲ့တယ်။ သူဟာလက်ဖြောင့်သေနတ်သမားဖြစ်ပြီး ဆပ်ကပ်ပွဲမှာပုလင်းခွံတွေကို မလွတ်တမ်းမှန်အောင်သေနတ်နဲ့ပစ်ခတ်တဲ့ပြကွက်ကိုပြသနေတုန်း Vanessa နဲ့တွေ့ဆုံခဲ့တာပါ။ Ethan ရဲ့အစွမ်းကိုသတိထားမိတဲ့အတွက် Malcolm ရဲ့ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးဖို့ Vanessa ကကမ်းလှမ်းခဲ့ပါတယ်။
အဲ့ဒီညမှာသူတို့ ၃ ယောက်သားလန်ဒန်မြို့ဆင်ခြေဖုံးတနေရာက Vanessa အာရုံထဲပေါ်လာတဲ့ သွေးစုတ်ဖုတ်ကောင်အသိုက်တခုကိုသွားပြီး Mina ရဲ့သတင်းကိုစုံစမ်းကြပါတယ်။ သွေးစုတ်ဖုတ်ကောင်အချို့ကိုသတ်ဖြတ်ခဲ့ပြီး အလောင်းကိုစစ်ဆေးကြည့်ဖို့ ခန္ဒာဗေဒနားလည်တဲ့သူကိုစုံစမ်းရင်း Malcolm ရဲ့မိတ်ဆွေ Dr Van Helsing ကနေတဆင့် ငယ်ရွယ်တဲ့ဆရာဝန်လေး Victor Frankenstein နဲ့ရင်းနှီးခဲ့ပါတယ်။
လန်ဒန်မြို့ပေါ်ကမင်းစိုးရာဇာတွေကျင်းပတဲ့ကပွဲတွေကိုတက်ရောက်ရင်း Vanessa ဟာချောမောခန့်ငြားပြီး လျှို့ဝှက်တဲ့ Dorian Grey နဲ့တွေ့ဆုံခဲ့သလို၊ Malcolm ကလည်း အထက်တန်းလွှာကဗေဒင်ဆရာမ Evelyn Poole နဲ့ရင်းနှီးခဲ့ပါတယ်။ Ethan ကလည်း ပြည့်တန်ဆာမလေး Brona Croft (Piper) နဲ့ပျော်ပါးရာကနေ တကယ်သံယောဇဉ်တွယ်လာခဲ့ကြတယ်။
Frankenstein ကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ဖုတ်ကောင်ကြီးရဲ့လက်ကထွက်ပြေးနေရသူပါ။ Malcolm တို့အကူအညီတောင်းလို့ သွေးစုတ်ဖုတ်ကောင်ရဲ့ရုပ်ကြွင်းကိုခွဲစိတ်ကြည့်တဲ့အခါ အရေပြားအောက်ကအသားပေါ်မှာထွင်းထားတဲ့ အီဂျစ်အက္ခရာစာလုံးတွေကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Vanessa တို့ဟာစာလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရဖို့အတွက် အီဂျစ်ယဉ်ကျေးမှုနဲ့စာပေအကြောင်းကျွမ်းကျင်သူ Dr Ferdinand Lyle ကိုချဉ်းကပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ဒန်မြို့ပေါ်မှာ လူတွေကိုအမဲဖြတ်သလိုသတ်ဖြတ်ထားတဲ့ လူသတ်မှုတွေတခုပြီးတခုပေါ်ပေါက်လာတဲ့အခါ…......
တစ်ပိုင်းကို တစ်နာရီဝန်းကျင်ကြာတဲ့ ဇာတ်လမ်းရှည် စီးရီးမျိုးဖြစ်ပါတယ်.။

Review Credit to-Admin N (Ko Nyi Lin Eain)
Pcloud Download Link - 400 MB
Translated by: Scarlet Phoenix
Encode by: Mg Moe Tain

Watch & Download Here
http://adf.ly/1bPTJy
Dirty Grandpa (2016) မြန်မာစာတန်းထိုး

အမေရိကန် မှာ နာမည်ကြီးဥပဒေ လုပ်ငန်းစုကြီးတစ်ခုမှာ အလုပ်အကိုင်ရပြီး အောင်မြင်နေသူ Jason( Zac Efron) တစ်ယောက်လက်ထပ်ပွဲ လုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဖွားအေဖြစ်သူ ကွယ်လွန်သွားတာကြောင့် အဘွားအသုဘ ကိုလာရင်း အဘိုးလုပ်သူ Dick ( Robert De Niro)က Florida ပြည်နယ်ကို ကားမောင်းလိုက်ပို့ဖို့တောင်းဆိုတော့ ငြင်းရခက်ခက်အခြေအနေနဲ့ လိုက်ပို့လိုက်ရပါလေကော။ အဘိုးဖြစ်သူ Dick ကတော့ မိန်းမဖြစ်သူလည်းမရှိ လွတ်လပ်သွားပြီဆိုကထဲက ကောင်မလေးငယ်ငယ်လေးများနဲ့ တွဲခုတ်ဖို့ လိင်ဆက်ဆံဖို့ ပျော်ကျဖို့ ကိုစိတ်ပြင်းပြနေတာပေါ့။

Jason တစ်ယောက် က အဘိုးကို ခရီးလမ်းမှာဘယ်လိုထိမ်းသိမ်းရမယ်မသိ ခေါင်းစားနေရင်း ဘိုးအေလုပ်သူကိုပဲ Jason ထိမ်းနိင်မလား ဘိုးအေလုပ်သူကလည်း ဘယ်လို အခွင့်အရေးတွေဖန်တီးယူပြီး သူဘဝအတွက်ပျော်စရာတွေရော မြေးဖြစ်သူကိုလည်း ပျော်စရာတွေ ခံစားတတ်အောင်ဖန်တီးယူသွားနိင်မလားဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားပါ။

တော်တော်ညစ်တီးညစ်ပတ်ဟာသတွေ များများစားစားပါဝင်ပြီး Male/Female Nude Scenes တွေလည်းပါဝင်တော့ ကလေးများအတွက်သင့်တော့မူမရှိပါဘူး။ လူကြီးပရိတ်သတ်တော့ ပေါ့ပေါ့ပါးပါး ရီစရာကောင်းတဲ့ကားပါ။ Zac Efron မိန်းကလေး ပရိတ်သတ်နှင့် ၁၈+ ဟာသတွေ နဲ့ လူငယ်ဆန်ဆန် လွပ်လပ်ပေါ့ပါးခြင်းတွေကို နှစ်သက်တဲ့ မိတ်ဆွေတို့အတွက် အကြိုက်တွေ့မှာသေချာပေါ့။

IMDB - 6.0 ရထားတဲ့ ဟာသကားဟာ 1h:42mins ကြာပါမယ်

ရုပ်ရှင်အညွှန်း - M-MDB

Encoded by: Mg Moe Tain
Pcloud Download Link - 800MB
Watch & Download Here
http://adf.ly/1bP7R0

Flower & Snake: Zero (2014) 18+ မြန်မာစာတန်းထိုး

Flower & Snake အပိုင်းဆက်များထဲမှာမှ 2014 မှာ ခေတ်အလိုက် ခေတ်အကြိုက်နဲ့ ထင်ဟပ်စေပြီး မင်းသမီးအင်အားများစွာနဲ့ အားဖြည့်ပါဝင်ထားတဲ့ အမိုက်ဆုံးဇာတ်လမ်းတစ်ပုဒ်..။

  စုံထောက်မလေး Misaki သည် မိန်းမချောလေးများကို မတရားဖမ်းဆီးပြီး လိင်ဆက်ဆံမှု့နှင့် အနှိပ်စက်ခံရပုံတို့ကို Show တစ်ခုပမာပြုလုပ်နေသော Video ကို ONline မှတစ်ဆင့်မြင်တွေ့လိုက်ရပြီးနောက် ဆိုးရွားလှသော ဒုစရိုက်အဖွဲ့အစည်းကို ချေမှုန်းရန်တာဝန်ပေးခြင်းခံရလေသည်.။ ဒုစရိုက်ဂိုဏ်းနောက်ကို ခြေရာစခံမိလာသောအခါ သူထင်ထားသည်ထက်ပိုမိုကြီးကျယ်ပြီး အစိုးရအရာရှိကြီးများ လူ့မလိုင်အထက်တန်းလွှာလူတန်းစားများမှ ပါဝင်ပက်သက်နေကြောင်း သိရှိလိုက်ရပြီး သူကိုယ်တိုင်ပါ ဒုစရိုက်ဂိုဏ်၏ သားကောင်ဘ၀သို့ရောက်ရှိခဲ့ရလေသည်.။
ဒုစရိုက်ဂိုဏ်း၏ လိင်ကျေးကျွန်သားကောင်ဘ၀က ဘယ်လိုရုန်းထွက်မလဲ ပြီးတော့ ဒုစရိုက်ဂိုဏ်းရဲ့ မုဒိန်း Show တွေလုပ်နေတာ ဘာအတွက်လဲ .ဆိုတဲ့ အရာတွေကို အဖြေထုတ်ကြရမယ့်အပြင် လူ့ကုန်တန်အသိုင်းအ၀ိုင်းရဲ့ မယုံနိုင်လောက်အောင်ကို ရက်စက်ယုတ်မာမှု့တွေကို ၁၈+ အကြမ်းစားနှောလို့ ကြည့်ရှု့ကြရမယ့် ဇာတ်ကားတစ်ကားပါ.။

Translated by: Scarlet Phoenix
Encode by: Mg Moe Tain
Pcloud Download Link - 800MB
Watch & Download Here
http://adf.ly/1bONaZ



Sunday, June 19, 2016

Royal Traump (1992) မြန်မာစာတန်းထိုး
   ဟာသမင်းသားကြီး စတီဗင်ချောင်ရဲ့ ဂန္တ၀င်ဇာတ်ကားတွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်တဲ့ Roayl Tramp 1992 ပါ.။ မန်ချူးဘုရင်ကိုတော်လှန်နေတဲ့ မိုးမြေဂိုဏ်ချုပ်ကို သိပ်ပြီးလေးစားလွန်းတဲ့ ဝေရှောင်ပေါင်ဆိုတဲ့ ကောင်လေးဟာ တစ်ရက်မှာ အထူးတာဝန်တစ်ရပ်ပေးခံရပြီး နန်းတွင်းထဲကို သူလျှိုအဖြစ် တာဝန်ယူဆောင်ရွက်ပေးဖို့တာဝန်ပေးခြင်းခံရတယ်.။ နန်းတွင်းထဲသို့ ၀င်ရောက်ရန် တန်းစီတဲ့ နေရာမှာ လူတန်းကြီးဟာ ရှည်လွန်းလို့ ဝေရှောင်ပေါင်ဟာ လူနည်းတဲ့နေရာကို သွားရောက်တန်းစီခဲ့ပါတယ်။ ဒါပေမယ့် ဝေရှောင်ပေါင် သွားရောက်တန်းစီမိတဲ့ နေရာက နန်းတွင်းထဲမှာကုန်းကုန်လုပ်ဖို့ ယောကျာ်းတွေကို ဝှေးသင်းပေးတဲ့နေရာဖြစ်နေပါတော့တယ်.။ နန်းတွင်းအရှုပ်အထွေးတွေ အလိမ်အကောက်အလှည့်အပတ်တွေကြား လူလည်လူရှုပ်ဝေရှောင်ပေါင် ဘယ်လိုရုန်းကန် လှည့်ဖြားပြီး ကြုံလာသမျှ အရာတိုင်းကို အဆင်ပြေအောင် ရုန်းထွက်မလဲဆိုတာ တ၀ါးဝါးတဟားဟား ရယ်မောရင်းကြည့်ရှု့လိုက်ကြပါဦးလို့ . လက်တို့လိုက်ရပါတယ်.။

Translated by: Min Ma Naing
Encode by: Mg Moe Tain
Pcloud Download Link -800MB
Watch & Download Here

http://adf.ly/1bN3Um




မာရန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 Episode 1 (မြန်မာစာတန်းထိုး)  18+  720P HD

ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။  Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး... :) .။

ဇာတ်လမ်းအကျဉ်း..

Vanessa Ives (Green) ဟာ မာရ်နတ်ရဲ့သတို့သမီးအဖြစ်မွေးဖွားလာသူပါ။ အပျိုဘော်ဝင်စအချိန်ကစပြီး သူဘုရားရှိခိုးတဲ့အခါတိုင်း တစုံတယောက်ကသူ့နားနားကပ်ပြောနေသလို တိုးတိုးညှင်းညှင်းအသံတသံကိုကြားရလေ့ရှိပါတယ်။ ၄င်းအသံဟာ ဘုရားကိုစွန့်ပယ်ပြီး အဆုံးမရှိတဲ့တန်ခိုးအာဏာတွေကိုရှာဖွေဖို့သူ့ကိုအဆက်မပြတ်တိုက်တွန်းနေပေမယ့် Vanessa ဟာသူ့ရဲ့ကတ်သလစ်ဘာသာအပေါ်သက်ဝင်ယုံကြည်မှုကိုမစွန့်လွှတ်ခဲ့ပါဘူး။

တနေ့မှာသူ့ငယ်သူငယ်ချင်းကောင်မလေး Mina Harker ကိုသွေးစုတ်ဖုတ်ကောင်တွေက ဖမ်းဆီးသွားတဲ့အခါ Mina ရဲ့အဖေ Malcolm Murray (Dalton) နဲ့ပူးပေါင်းပြီး Mina ကိုပြန်ကယ်ဖို့ကြိုးစားရပါတော့တယ်။ သူ့သူငယ်ချင်းကိုကယ်တင်ဖို့၊ သဘာဝလွန်အန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက် Vanessa ဟာ မာရ်နတ်ရဲ့လက်ဆောင်တခုကို မတတ်သာတဲ့အဆုံးလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရှေ့ဖြစ်မြင်နိုင်ပြီး တမလွန်ဘုံနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းကို ရရှိခဲ့တယ်။

အမေရိကန်နိုင်ငံကဆပ်ကပ်အဖွဲ့တခုနဲ့အတူ Ethan Chandler (Hartnett) ဟာလန်ဒန်မြို့ကိုရောက်ရှိလာခဲ့တယ်။ သူဟာလက်ဖြောင့်သေနတ်သမားဖြစ်ပြီး ဆပ်ကပ်ပွဲမှာပုလင်းခွံတွေကို မလွတ်တမ်းမှန်အောင်သေနတ်နဲ့ပစ်ခတ်တဲ့ပြကွက်ကိုပြသနေတုန်း Vanessa နဲ့တွေ့ဆုံခဲ့တာပါ။ Ethan ရဲ့အစွမ်းကိုသတိထားမိတဲ့အတွက် Malcolm ရဲ့ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးဖို့ Vanessa ကကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီညမှာသူတို့ ၃ ယောက်သားလန်ဒန်မြို့ဆင်ခြေဖုံးတနေရာက Vanessa အာရုံထဲပေါ်လာတဲ့ သွေးစုတ်ဖုတ်ကောင်အသိုက်တခုကိုသွားပြီး Mina ရဲ့သတင်းကိုစုံစမ်းကြပါတယ်။ သွေးစုတ်ဖုတ်ကောင်အချို့ကိုသတ်ဖြတ်ခဲ့ပြီး အလောင်းကိုစစ်ဆေးကြည့်ဖို့ ခန္ဒာဗေဒနားလည်တဲ့သူကိုစုံစမ်းရင်း Malcolm ရဲ့မိတ်ဆွေ Dr Van Helsing ကနေတဆင့် ငယ်ရွယ်တဲ့ဆရာဝန်လေး Victor Frankenstein နဲ့ရင်းနှီးခဲ့ပါတယ်။

လန်ဒန်မြို့ပေါ်ကမင်းစိုးရာဇာတွေကျင်းပတဲ့ကပွဲတွေကိုတက်ရောက်ရင်း Vanessa ဟာချောမောခန့်ငြားပြီး လျှို့ဝှက်တဲ့ Dorian Grey နဲ့တွေ့ဆုံခဲ့သလို၊ Malcolm ကလည်း အထက်တန်းလွှာကဗေဒင်ဆရာမ Evelyn Poole နဲ့ရင်းနှီးခဲ့ပါတယ်။ Ethan ကလည်း ပြည့်တန်ဆာမလေး Brona Croft (Piper) နဲ့ပျော်ပါးရာကနေ တကယ်သံယောဇဉ်တွယ်လာခဲ့ကြတယ်။

Frankenstein ကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ဖုတ်ကောင်ကြီးရဲ့လက်ကထွက်ပြေးနေရသူပါ။ Malcolm တို့အကူအညီတောင်းလို့ သွေးစုတ်ဖုတ်ကောင်ရဲ့ရုပ်ကြွင်းကိုခွဲစိတ်ကြည့်တဲ့အခါ အရေပြားအောက်ကအသားပေါ်မှာထွင်းထားတဲ့ အီဂျစ်အက္ခရာစာလုံးတွေကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Vanessa တို့ဟာစာလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရဖို့အတွက် အီဂျစ်ယဉ်ကျေးမှုနဲ့စာပေအကြောင်းကျွမ်းကျင်သူ Dr Ferdinand Lyle ကိုချဉ်းကပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ဒန်မြို့ပေါ်မှာ လူတွေကိုအမဲဖြတ်သလိုသတ်ဖြတ်ထားတဲ့ လူသတ်မှုတွေတခုပြီးတခုပေါ်ပေါက်လာတဲ့အခါ…......

တစ်ပိုင်းကို တစ်နာရီဝန်းကျင်ကြာတဲ့ ဇာတ်လမ်းရှည် စီးရီးမျိုးဖြစ်ပါတယ်.။

Review Credit to-Admin N
Pcloud Download Link - 800MB
Translated by: Scarlet Phoenix
Encode by: Mg Moe Tain

http://adf.ly/1bMIDh







13 Hours: The Secret Soldiers of Benghazi (2016)  မြန်မာစာတန်းထိုး  720P HD
------------------------------------------------------
2016 ခုနှစ်ရဲ့ အကောင်းဆုံး Action စစ်ကားကောင်းတစ်ကား။
Imdb Ratin 7.4/10 ရထားတဲ့ ကားကောင်းတစ်ကားပါ.။
13 နာရီကြာ Libya နိုင်ငံ Benghazi က တိုက်ပွဲ တခုက ရင်ထဲကို အဲ့လောက်ထိ ရောက်မယ်လို့ မထင်ထားမိတာ အမှန်ပဲလို့ ပထမ ဝန်ခံပါရစေ..(ဒီကားကို ရုံမှာကြည့်ဖို့ ကြိုးစားခဲ့တယ် ..အကြောင်း အမျိုးမျိုးကြောင့် မကြည့်ဖြစ်ခဲ့ဘူး... Review နဲ့ Rating အချို့ကြောင့်လဲပါတယ်...)ဇာတ်လမ်းကို အရမ်းကြိုက်မိတဲ့အတွက် Plot လုံးဝ မပြောတော့ပါဘူး... အနည်းငယ်မှ မ Spoil ချင်ပါဘူး...
2013 တုန်းက Lone Survivor က စစ်ကားကောင်းတကား ဖြစ်မှာပါ...(Limited Release)
2014 ဆိုရင် oscar nomination ဝင်ခဲ့တဲ့ American Sniper...
2016 အတွက်ကတော့13 Hours The Secret Soldiers of Benghazi ပဲလို့ပဲပြောပါရစေ.
..ဒီနှစ်အတွက် ပထမဆုံး oscar nomination ဝင်စေချင်မိတဲ့ ဇာတ်ကားပါ...One of Best Heartfelt films လို့ပဲပြောပရစေ....Drama အငွေ့အသက်တွေနဲ့ နိုင်ငံရေး အခြေအနေကို တစေ့တစောင်းမြင်စေခဲ့တဲ့ အရမ်းကောင်းတဲ့ Action ကားတကားပါ...True Story ဆိုတော့ရင်ထဲပိုထိပါတယ်...
ဇာတ်ကား ကြာမြင့်ချိန် 2နာရီ 24မိနစ်ခန့် မှာ ပထမ တနာရီပြီးတာနဲ့ ဆက်တိုက်ဆိုသလို Action အပြည့်ပါ...
 Action ပရိသတ် တွေ အလွန် သဘောတွေ့မဲ့ ဇာတ်ကားလို့ပဲပြောပါရစေ...
Review Credit to-MMDB
Watch & Download Here
Pcloud Download Link - 900MB
Encode by: Mg Moe Tain
Watch & Download Here
http://adf.ly/1bLYdZ

Saturday, June 18, 2016

A Chinese Odyssey Part Two - Cinderella (မြန်မာစာတန်းထိုး)

တရုတ်ဟာသဘုရင်လို့ တင်စားခေါ်ဝေါ်ရမယ့် ဟာသမင်းသားကြီး စတီဗင်ချောင်ရဲ့ မျောက်ဘုရင် စွန်းဝူခုန်းဇာတ်လမ်းပါ.။ ကျွန်တော်တို့ သိထားကြ ကြည့်ဖူးထားကြတဲ့ Jounery to the West ဇာတ်လမ်းတွေလို ဆရာတော်နှင့်အတူကျမ်းစာပင့်တဲ့ ဇာတ်လမ်းမျိုးမဟုတ်ပဲနဲ့ ဆရာတော်ကိုပင် ဂရုမစိုက်ထင်ရာစိုင်းတတတ်တဲ့ ၀ူခုန်းကို တွေ့မြင်ရမှာဖြစ်ပြီး ၀ူခုန်းဘ၀မှ ကျိန်စာသင့်ပြီး သာမန်လူသားဘ၀မှာ ချစ်ခြင်းမေတ္တာတွေ ဘ၀ရဲ့ အနှစ်သာရတွေ ၊ တရားသဘောတွေကို သိရှိခံစားရပုံကို အဆန်းတကြယ်မြင်တွေ့ရမှာပါ .။ စတီဗင်ချောင်ဆိုတဲ့ အတိုင်း အလန်းစားဟာသတွေနဲ့ ကောင်းမွန်တဲ့ ကွန်ပြူတာ Effect တွေ စိတ်နှလုံးလှုပ်ရှားဖွယ်ရာ ဂီတသံစဉ်တွေနဲ့ အတူ စီးမျောခံစားကြရမယ်ဆိုတာ ရဲရဲကြီးကို အာမခံနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ.။။

ဘာသာပြန်ကို ကိုအာကာဟိန်းပြန်ပေးထားတာဖြစ်ပြီး Encoding Mg Moe Tain ပြုလုပ်ပေးထားတာဖြစ်ပါတယ်.။

Pcloud Download Link - 700MB
Watch Download Here

 http://adf.ly/1bL6ux

The Other Side of the Door (2016) မြန်မာစာတန်းထိုး Free Download   
ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် သဘာဝလွန်သည်း ထိတ်ရင်ဖိုကြောက်စရာ ဇာတ်လမ်းသစ် ကိုခံစားကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
ခရီးသွားရင်း ကားအက်ဆီးဒင့်ဖြစ်ကာ သားဖြစ်သူ အိုလီဗာ ကို ဆုံးရှုံးလိုက်ရတာဟာ မာရီယာအဖို့ ဘယ်လိုမှ ဖြေမဆည်နိုင် လောက်အောင်ကို ၀မ်းနည်းပူ ဆွေးခဲ့ရပါတယ်။ မာရီယာနဲ့ မိုက် ကယ်တို့ ဇနီးမောင်နှံမှာ အိုလီဗာနဲ့ လူစီဆိုတဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်တည်း ရှိတာမို့ တော်တော်လေးကို ခံစားခဲ့ရတာပါ။
အိုလီဗာကို နောက်ဆုံးနှုတ် ဆက်တဲ့အခါမှာ သားကိုအဆုံးရှုံး မခံချင်တဲ့ မာရီယာဟာ တမလွန် ဘ၀က လူတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ ယုံကြည်ကြတဲ့ ရှေး ဟောင်းဘုရားကျောင်းပျက်ကြီး ရဲ့ လှေကားထစ်တွေမှာ အရိုးပြာကို ဖြူးခဲ့ပြီး အဲဒီ ဘုရားကျောင်း ပျက်ကြီးမှာ မာရီယာညဘက်ထိ စောင့်နေခဲ့ပါတယ်။
ညဘက်ရောက်တဲ့အခါမှာ တံခါးရဲ့ တစ်ဖက်ခြမ်းက အိုလီ ဗာရဲ့ အသံလိုလိုကြားပြီး အိုလီဗာသေဆုံးခဲ့ရတဲ့အကြောင်း စကားပြောသံတွေကြားရတာ အိုလီဗာက သူ့အမေကို သူသွားရတော့မယ့်အကြောင်း နှုတ်ဆက်စကားပြောခဲ့ပါတယ်။ မာရီယာဟာ စိတ်လှုပ်ရှားပြီး တံခါးဆွဲဖွင့်လိုက်တဲ့အခါ မတူညီတဲ့ ကမ္ဘာနှစ်ခုကြားမှာ အပြောင်းအ လဲတွေဖြစ်ခဲ့ပါတော့တယ်။ အိုလီဗာဟာ တမလွန်ကနေ ယခုဘ၀ကိုသရဲအဖြစ်နဲ့ ပြန်ရောက်လာခဲ့ပါတော့တယ်။
အဲဒီနောက်အိမ်မှာ အထူး အဆန်းအဖြစ်အပျက်တွေကြုံခဲ့ ပြီး မျက်နှာတွေဆေးခြယ်ထားတဲ့ လူတစ်ယောက်ကိုလည်း မကြာ ခဏဆိုသလို တွေ့ခဲ့ပါတယ်။ မာ ရီယာတို့အိမ်က အိမ်ဖော်ပီကီက သေလွန်ပြီးသား အိုလီဗာကို မာရီ ယာကိုယ့်သဘောနဲ့ ကိုယ်ဝိညာဉ် ပြန်ခေါ်ခဲ့တဲ့အတွက် မကောင်းဆိုး ရွားတွေလိုက်လာပြီး ပြန်ခေါ်တာ လို့ ပြောပြခဲ့ပါတယ်။
တမလွန်က အသံတွေကြား နိုင်တဲ့ တံခါးရဲ့ နောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်တွေဟာ ဘာ တွေလဲ။ အိုလီဗာရဲ့ ၀ိညာဉ်ကို ထူးဆန်းတဲ့ လူတွေက ပြန်ခေါ်သွားကြမှာလားဆိုတာ စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ မာရီယာအ ဖြစ် ဆာရာဝိန်းကယ်လီ၊ မိုက် ကယ်အဖြစ် ဂျယ်ရမီဆစ်စတို၊ အိုလီဗာအဖြစ် လိုဂန်ခရီရန်၊ လူစီအဖြစ် ဆိုဖီယာရိုစင်စကီတို့ သရုပ်ဆောင်ထားကြပါတယ်။
Translated by: Zay ya Kyaw 
Encoded by: Mg Moe Tain 
Pcloud Download Link -800MB
ခရီးသွားဆာမူရိုင်း Anime Samurai X (မြန်မာစာတန်းထိုး)
Samurai X (မြန်မာစာတန်းထိုး) Episode 3  အတိတ်မေ့ချင်နေတဲ့သူတစ်ယောက်.

မေဂျီခေတ်ပြောင်းတော်လှန်ရေးကြီးမှာ သေမင်းလျှပ်စီးဓားသိုင်း (Hiten Mitsurugi-ryū) Batosai လို့ခေါ်တဲ့ ဓားသမားဟာ အစိုးရဘက်မှနေပြီး ကူညီ၍ စစ်ပွဲကြီးမှာပါဝင်တိုက်ခိုက်ခဲ့ပြီး သွေးစွန်းနေတဲ့ မိစ္ဆာတစ်ကောင်လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပြိုင်ဖက်ကင်းဓားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်.။ မေဂျီခေတ်သစ်ကို အရောက်မှာတော့ တော်ဝင်လူသတ်သမားဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး သူကိုင်ဆောင်ခဲ့တဲ့ အသွားပြောင်းပြန်ဓားကို ကိုင်ဆောင်ထားတဲ့ အူကြောင်ကြောင် ခရီးသွားလူငယ်တစ်ယောက်ပေါ်ထွက်လာတယ်.။
ဒီအပိုင်းမှာတော့ ဟီမူရာ ကန်ရှင်ရဲ့ အတိတ်ကို ပြန်လည်ဖော်ပြထားပါတယ်။ ဓားသိုင်းဆရာမလေး ကာအူရိုတွေးမိသလိုပဲ အင်မတန်အစွမ်းထက်တဲ့ ဓားသိုင်းနှင့် သွေးလွှမ်းနေတဲ့ လူသတ်သမားလို့ အမည်တွင်တဲ့ ကန်ရှင်ရဲ့ နောက်ကြောင်းက အတိတ်မည်းကြီးတစ်ခု ရှိနေခဲ့ပါတယ်.။ ကန်ရှင်က အတိတ်ကနေ ထွက်ပြေးလာခဲ့သူတစ်ဦးပေါ့..။ အစွမ်းထက်ပြီး ရမ်းကားတဲ့ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ ဂျီဂန်ဓားသိုင်းကို အသုံးပြုတဲ့ ဓားသမားရဲတွေနဲ့ ကန်ရှင်တွေ့ကြတဲ့ အခါမှာတော့ ဟီတန်မီရှီယူဂီ(သေမင်းလျှပ်စီးဓားသိုင်းရှင်) ကန်ရှင်  ရဲ့ နောက်ကြောင်းဟာကန်လန့်ကာကိုလှပ်ချလိုက်သလိုဘွားဘွားကြီးပေါ်သွားတဲ့အခါမှာတော့...................။
Translator & Encod ကတော့ Mg Moe Tain ဖြစ်ပါတယ်.။
Like & Share လုပ်ခြင်းဖြင့် Page လေးတိုးတက်အောင် ကူညီနိုင်ပါတယ်. ကျေးဇူးတင်လျှက်...။




 Pcloud link 100MB
Watch & Download Here
Samurai X Episode 3



Pcloud link 100MB
Watch & Download Here
Samurai X Episode 2
http://adf.ly/1bGQ1l


Samurai X Episoe 1
Pcloud link 190MB
Watch & Download Here
http://adf.ly/1bGQ2s


Neerja (2016) မြန်ုမာစာတန်းထိုး

ဝမ်းနည်းဖို့ရော၊ အသည်းထိတ်ဖို့ ရော ရသစုံခံစားရမယ့် အိန္ဒိယ  သည်းထိတ်ရင်ဖို အတ္ထုပ္ပတ္တိဒရာ မာ ဇာတ်လမ်းလေးကို ဖော်ပြလိုက်ပါတယ်။
ဇာတ်လမ်းလေးကတော့ ၁၉၈၆ စက်တင်ဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ Pan Am 73 လေယာဉ်ပြန်ပေးဆွဲ ခံရတဲ့အကြောင်းကို ဇာတ်အိမ် တည်ရိုက်ကူးထားတာပါ။ ဒီ ဇာတ်ကားမှာ အဓိကဇာတ် ကောင်က အသက် (၂၃) နှစ်အ ရွယ် လေယာဉ်မယ်လေး နီရာဂျာ ဘာနော့ဖြစ်ပြီး ပြန်ပေးသမားတွေ ရဲ့ လက်ခုပ်ထဲကရေဖြစ်ခဲ့ရတဲ့ ခရီးသည် ၃၆၁ ယောက်နဲ့ လေ ယာဉ်ဝန်ထမ်း ၁၉ ယောက် အ သက်အန္တရာယ်မရှိရလေအောင် ကာကွယ်ခဲ့တာကို ကြည့်ရှုရမှာ ပါ။
ပျော်စရာမိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်မယ် လေး နီရာဂျာဟာ Pan Am 73 လေယာဉ်ကြီးမှာ လေယာဉ်အရာ ရှိ (ပါဆာ)အဖြစ် ပထမဆုံးတာ ၀န်ထမ်းဆောင်ရမှာပါ။ သူတာ ၀န်ထမ်းမယ့် လေယာဉ်ကြီးဟာ အကြမ်းဖက်သမားလေးယောက် ကို တင်ဆောင်လာမိတဲ့အတွက် ကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတော့ တယ်။
လေယာဉ်ပြန်ပေးသမား တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ နီရာ ဂျာဟာ ကြောက်ရွံ့ထိတ်လန့်နေ ပေမယ့်လည်း ခရီးသည်တွေ အန္တရာယ်ကင်းဖို့အတွက် ကြိုး စားတာဝန်ထမ်းဆောင်နေတဲ့ ဇာတ်ကွက်တွေကို ကြည့်ရတဲ့ အခါ အခက်ခဲဆုံးအနေအထားနဲ့ ရင်ဆိုင်နေရတဲ့ နီရာဂျာရဲ့ဖြစ် အင်ကို ကိုယ်ချင်းစာမိကြဦးမှာ ပါ။
နီရာဂျာဟာ သူများတွေကို အန္တရာယ်ကင်းအောင်ကာကွယ် ပေးခဲ့ပေမယ့် သူ့ကိုယ်သူတော့ မကာကွယ်နိုင်ခဲ့ပါဘူး။လေယာဉ်  ပေါ်က ခရီးသည်ကလေးငယ် သုံးယောက်ကို ကယ်တင်ရင်းအ ကြမ်းဖက်သမားတွေရဲ့ သေနတ် နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါ တယ်။
လေယာဉ်ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပေမယ့် ဒီဇာတ်ကားလေးကို ဘယ်လို ရိုက်ကူးတင်ဆက်ထား သလဲဆိုတာ ကြည့်လိုက်ပါဦး နော်။
ဒီဇာတ်ကားမှာ နီရာဂျာဘာ နော့အဖြစ် ဆိုနမ်ကာပူးရ်က အဓိကပါဝင်သရုပ်ဆောင်ထား ပြီး ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တယ်လို့ ပရိ သတ်တွေကတော့ မှတ်ချက်ပြု ထားကြပါတယ်။

Review Credit to-7day Daily
Encoded by: Mg Moe Tain

Watch & Download Here

http://adf.ly/1bJmSL



Friday, June 17, 2016

The Conjuring 2 (2016) မြန်မာစာတန်းထိုး HDTS Version Free Download
Horror, Mystery, Thriller
HD ဖြစ်တာမစောင့်နိုင်ကြတဲ့ မိတ်ဆွေတွေ အတွက်ကြည့်ဖို့ထိုက်တန်မယ့်ကားလေးပါ။
.
အခုလက်ရှိနိုင်ငံတကာမှာပြသနေပြီး Weekend Box Office စာရင်ထိပ်ဆုံးမှာရပ်တည်နေတဲ့ The Conjuring 2 အတွက် Preview ကိုဖော်ပြပေးလိုက်ပါတယ်။
1977 မှာပါ။ ထူးခြားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းစစ်ဆေးနေတဲ့ Ed နဲ့ Lorraine Warren တို့ဟာ England မြောက်ပိုင်းက Enfield ကိုရောက်လာခဲ့ပါတယ်။ အဲမှာရှိတဲ့ ကလေး လေးယောက်အမေ Single mother တစ်ယောက်က သူ့အိမ်မှာ မကောင်းဆိုးဝါးကပ်နေတယ်လို့လာပြောပါတယ်။ Ed တို့နှစ်ယောက်ဟာ ကလေးအငယ်ဆုံးမှာ မကောင်းဆိုးဝါးပူးနေတယ်လို့ သွင်ပြင်တွေမြင်လာရတော့ ယုံကြည်လာခဲ့ပြီး ကလေးကိုကယ်တင်ဖို့လုပ်ရာက သူတို့ကိုယ်တိုင်ပါ မကောင်းဆိုးဝါးရဲ့ နောက်ပစ်မှတ်တွေ ဖြစ်လာပါတော့တယ်။
.
အင်မတန်ကြောက်စရာကောင်းတယ်ဆိုပြီး နာမည်ကြီးလှတဲ့ 2013 ခုနစ်ထွက် The Conjuring ရဲ့ အဆက်ဖြစ်ပါတယ်။ အရင်ကားဒါရတာ James Wan ကပဲ ပြန်ရိုက်ထားပြီး Patrick Wilson နဲ့ Vera Farmiga တို့ကပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Conjuring 2 က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကြည့်ရှုသူရဲ့ စိတ်ကိုကယောက်ခြောက်ခြားတွေပါဖြစ်စေနိုင်တာကြောင့် ဒီဇာတ်ကားကိုကြည့်ရှုမဲ့လူတွေအတွက် သတိပေးချက်တွေပါထုတ်ပြန်ထားပါတယ်။ ဒီဇာတ်ကားအတွက် Budget ကို $40 million အသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ Box Office ဝင်ငွေ $96.2 million ရရှိထားပါတယ်။ The Conjuring 2 ရဲ့အခုလက်ရှိ Rating တွေကတော့ IMDB 8.2 နဲ့ Rotten Tomatoes 75% တို့ရရှိထားပါတယ်။ Horror ကားကောင်းကောင်းသဘောကြသူတွေအတွက်ကတော့ The Conjuring 2 ကစောင့်ကြည့်ရမဲ့ဇာတ်ကားထဲမှာထိပ်ဆုံးကပါမှာပါ။
.
Ref : IMDB, Wikipedia
Credit to -www.datshin.com
‪#‎datshin‬ ‪#‎datshinpreivew‬ ‪#‎conjuring2‬
ကို Scarlet ဘာသာပြန်ပေးထားတာဖြစ်ပြီး Encoded by: Mg Moe Tain ဖြစ်ပါတယ်.။
Watch & Download Here
Pcloud Download Link 600MB HDTS Version

http://adf.ly/1bMJUq





Chat Conve

 Working Girl (2015) 18+ မြန်မာစာတန်းထိုး Free Download

Translator ကို Scarlet ဘာသာပြန်ပေးထားတဲ့ ၁၈+ ဟာသဇာတ်ကားကောင်းလေးတစ်ခုပါ.။

  လင်မယားချင်း လိင်ကိစ္စကို အချိန်မပေးနိုင်ပဲ အလုပ်ကိုသာ အမြဲလုပ်နေတတ်တဲ့ မိန်းမချောလေးကို ယောကျာ်းဖြစ်သူက စိတ်ပျက်ပြီး စွန့်ပစ်သွားခဲ့ပါတယ်.။ ဒါကိုတောင် ဂရုမစိုက်ပဲ အလုပ်ကိုသာ ကျုံးလုပ်နေရင်းက တစ်နေ့မှာ ဟာသဆန်ဆန်ဖြစ်ရပ်တစ်ခုကြောင့် သူမ ရုတ်တရက်အလုပ်ပြုတ်သွားပါတယ်.။ အလုပ်ပြုတ်ရခြင်းအကြောင်းရင်းက သူမဖန်တီးထားတဲ့ ကုန်ပစ္စည်းတွေကို အစည်းဝေးစားပွဲပေါ် သို့ကျဲချရန်ဖန်တီးထားရာကနေ တကယ်ကျဲချလိုက်မိတဲ့အခါမှာ အခန်းနားနီးချင်းဆီက မှားပါလာတဲ့ လိင်တံအတုတွေဖြစ်နေတာကြောင့်ပါ.။ အလုပ်ပြုတ်သွားတဲ့ သူမဟာ အခန်းနားနီးချင်းခပ်ဟော့ဟော့ မိန်းမချောကို သွားရောက်ပြဿနာရှာရာကနေ လူတိုင်းစိတ်ဝင်စားတဲ့ လိင်ကိစ္စကို အသုံးပြုပြီး ကြီးမားတဲ့ အမြတ်အစွန်းရနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ လူမှု့ပတ်ဝန်းကျင်တစ်ခုလုံးကို လိင်နှင့်ဆိုင်သော ထုတ်ကုန်ပစ္စည်းများ ၀န်ဆောင်မှု့များတရားဝင်စတင်ဆောင်ရွက်ပေးရန် လုပ်ကိုင်ကြပါတော့တယ်.။ ရယ်လဲရယ်ရ အာခေါင်ခြောက်လောက်အောင် ရင်သပ်ရှု့မောရတဲ့ ခံစားမှု့မျိုးလဲ ရရှိစေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။ အိမ်ထောင်ရေးပြဿနာတွေလဲ ဟာသဆန်ဆန်ထည့်သွင်းထားတာမို့ လူငယ်များကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ကြောင့် လက်တို့လိုက်ရပါတယ်..။

Translated by: Scarlet
Encoded by: Mg Moe Tain


Pcloud Download Link 800MB 720P HD




Thursday, June 16, 2016

The VVitch (2015) (မြန်မာစာတန်းထိုး) Free Download

.
--- Storyline ---
၁၇ ရာစု New England မှာပါ။ ဘာသာရေးအရမ်းလိုက်စားတဲ့ လယ်သမားမိသားစုတစ်စုဟာ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ မဖော်ပြထားတဲ့ ပြစ်မှုတစ်ခုကြောင့် Plantation တစ်ခုကနေ ထွက်လာရပြီး တောစပ်မှာအိမ်ဆောက် နေထိုင်ကြပါတယ်။ တစ်ရက်မှာ ကလေးအငယ်ဆုံးဖြစ်တဲ့ Sam ဟာ မျက်စိရှေ့တင် ပျောက်ဆုံးသွားလို့ မိသားစုဟာ အကြောက်တရားတွေ၊ စိတ်ဆင်းရဲစရာတွေနဲ့ပြည့်လာပြီး ကလေးပျောက်သွားတဲ့အချိန်မှာ ကလေးထိန်းနေတဲ့ မိသားစုရဲ့အကြီးဆုံးသမီး Thomasin ကိုလည်း အမြင်မကြည် အပြစ်တွေတင်လာပါတယ်။ ကြားထဲမှာလည်း အင်မတန်စကားတတ်တဲ့ အမြွှာနှစ်ယောက်ဟာ Thomasin ကို စုန်းမလို့ စွပ်စွဲတာတွေရှိလာရင်း မိသားစုမှာ ပြဿနာတွေ တဖြည်းဖြည်းကြီးလာလို့ ဘာသာရေးယုံကြည်မှုတွေ၊ မိသားစုဝင်အချင်းချင်းကြားက ယုံကြည်မှုတွေကို မေးခွန်းထုတ်စရာတွေဖြစ်လာတော့ပါတယ်။
.
--- Review ---
.
၁၇ ရာစု Colonial America မှာဖြစ်ခဲ့တဲ့ စုန်းအတတ်ကျင့်တယ်ဆိုပြီး လူတွေကိုဖမ်းဆီး သေဒဏ်ပေးခဲ့တဲ့ Salem Witch Trials အဖြစ်အပျက်တွေကိုအခြေခံရိုက်ထားတာဖြစ်ပြီး သိရသလောက်တော့ ဒီရုပ်ရှင်အခြေတည်တဲ့အချိန်က အဲ Trial တွေမဖြစ်ခင် မျိုးဆက်တစ်ခုအလိုကလို့ ဆိုပါတယ်။ စုန်းကဝေကားဆိုလို့ ဒီကားကို မှော်အတတ်တွေ၊ spell တွေနဲ့ နှာခေါင်းကောက်ကောက် စုန်းမကြီးတွေဆိုတာမျိုး မမြင်မိပါနဲ့။ ဒီကားက Horror ကားစစ်စစ်ဖြစ်ပါတယ်။
.
သရဲကားတွေ horror ကားတွေအများကြီးပါ။ ဘယ်လောက်ဘဲကြောက်ဖို့မကောင်းဖူးပြောပြော ကားတိုင်းက ဝုန်းကနဲ ဒိုင်းကနဲ ကြည့်သူကို လန့်အောင် Jump scare တွေသုံးပြီး လုပ်နိုင်တာတွေချည်းပါ။ ဟိုဘက်ကြည့် ဘာမှမရှိ၊ ဒီဘက်ပြန်ကြည့် သရဲက နောက်ရောက်နေပြီး နောက်ခံတီးလုံးက ဗြန်းကနဲဆိုတော့ တော်ရုံလူထခုန်မိတာ အမှန်ပါပဲ။ ဟိုတစ်ခေါက်က ရုံတင်တဲ့ The Other Side of the Door လိုပေါ့။ ကြည့်တော့ သရဲကိုကြောက်တယ်ဆိုတာထက် ကိုယ့်ကိုမလန့်လန့်အောင် ခြောက်မဲ့အကွက်ကိုပဲ လန့်နေရတာ။ ကြည့်ပြီး ရင်ထဲဘာမှမကျန်ဘူး။ အခု The VVitch ကတော့ ကြောက်ဖို့ကောင်း လန့်ဖို့ကောင်းတဲ့ကားထက် ခြောက်ခြားစရာကားလို့ပြောရင် ပိုမှန်ပါမယ်။
.
ဒီကားရဲ့ အဓိကအနှစ်နှစ်ခုက နောက်ခံတီးလုံးနဲ့ cinematography ပါ။ ဘာဆိုဘာမှ ကြောက်စရာမရှိတဲ့ တောစပ်နေရာကို ပြနေပေမဲ့ colour နဲ့ နောက်ခံတီးလုံးတွေကြောင့် လူက ခြောက်ခြားပြီး စိတ်တွေလေးလံမိအောင်လုပ်ထားနိုင်တယ်။ နောက်ကျွန်တော် သဘောကျတာက တခြား horror ကားတွေလိုမျိုး သရဲ၊ အကောင် (ဒီကားမှာဆို စုန်းမ) ကို အကောင်အထည်နဲ့ သေချာမပြထားဘူး။ ပြတော့လည်း နိုင်ငံခြား review တစ်ပုဒ်မှာရေးထားသလိုပါပဲ။ စုန်းမရော စုန်းမဘာလုပ်နေတယ်ဆိုတာရော မြင်လည်းမြင်ချင်တယ်၊ ကြည့်လည်းမကြည့်ချင်ဘူး ဆိုတာမျိုးဖြစ်အောင်လုပ်ထားနိုင်တယ်။ ကျွန်တော်အရင်ဆုံးသဘောကျမတဲ့အကွက်ကတော့ စစချင်း သူတို့ plantation က ထွက်တဲ့အခန်းမြင်ကွင်းပါ။ ကိုယ်လည်းထွက်သွားရော gate ကြီးပိတ်ပြီး အထဲကလူတွေကလည်း ကြည့်ပြီးကျန်ခဲ့တာကို ရိုက်ပြထားတာက ကိုယ်ကိုယ်တိုင်ကလည်း အထီးကျန်သလို လွမ်းဆွေးသလို ခံစားရတယ်။ တကယ်ကြမ်းပါပီဟေ့ဆိုတဲ့အခန်းဆိုလည်းသူများ သရဲကားတွေက ပျော်ပျော်ကြီးကို သွေးထွက်သံယိုတွေ ကြောက်စရာအကွက်တွေပြမှာဆိုပေမဲ့ သူကတော့ အသံလောက်ပဲပြတယ်။
.
Dialogue တွေက အဲဒီခေတ် Witch Trial တွေတုန်းက တကယ့် မှတ်တမ်းတွေအတိုင်းအားလုံးနီးပါးသုံးထားတယ် ပြောခိုင်းထားတယ်လို့ဆိုပါတယ်။ ဆိုတော့ အဲခေတ်အသုံးအနှုန်းတွေ လေသံတွေကို တစ်မျိုးခံစားရမှာပါ။ ဘာသာရေးအရမ်းသက်ဝင်ယုံကြည်ပြီး နည်းနည်းဆို God ကိုပဲ မှန်းဆတမ်းတ ဆုတောင်းနေကြတဲ့ မိသားစုဟာ တကယ်တမ်း မထင်မှတ်တဲ့ အဖြေရှာမရတဲ့ပြဿနာတွေတွေ့လာတော့ တော်တော်လေးနက်နဲတဲ့ မေးခွန်းတွေမေးပြထားတယ်။ ဆိုတော့ တော်တော်လေးကြက်သီးထဖို့ကောင်းတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ အဖေကြီး William ရဲ့ မူရင်းအသံကိုက ကြောက်ဖို့ကောင်းတယ်။ ကျန်တဲ့ Thomasin နဲ့ကလေးတွေနေရာမှာသရုပ်ဆောင်သူတွေအားလုံးကို သဘောကျပါတယ်။ Caleb နေရာသရုပ်ဆောင်ရတာတော့ တော်တော်လေးမလွယ်ပါဘူး။ Possess ဖြစ်တဲ့ခန်းကို တော်တော်လေးပင်ပမ်းခံရိုက်ထားတယ်။ သိရတာက ရုပ်ရှင်က သိပ်မကြာပေမဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ညီအောင်လုပ်ရတာ ရာသီဥတုကိုကြည့်ရတာတွေကြောင့် ၄ နှစ်လောက်ရိုက်ကူးရတယ်ဆိုပဲ။
.
The VVitch ရုပ်ရှင်ဟာ တခြား horror ကားတွေလိုမျိုး ကြည့်သူကိုကြောက်အောင်ခြောက်တဲ့ကား လုံးဝမဟုတ်ပါဘူး။ ဘာမှမပါဘဲကို ကြည်နေ့သူခြောက်ခြားလာအောင်၊ ကြမ်းတဲ့အခန်းဆိုလည်း ကြောက်လန့်သွားတယ်ဆိုတာထက် what the f*** ဆိုပြီးထအော်ရလောက်အောင် disturbing ဖြစ်တဲ့အခန်းတွေပါပါတယ်။ Jump scare တွေမပါဘဲ ရိုးရိုးလေးနဲ့ ကောင်းတဲ့ horror ကားကောင်းကြည့်ချင်သူတွေ ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။
.
Pcloud Download Link 700MB
Watch & Download Here
http://adf.ly/1bGPuJ
Review Credit to Datshin

  Like & Share လုပ်ပေးခြင်းအားဖြင့် Page လေးတိုးတက်အောင် ကျေးဇူးပြုကူညီနိုင်ပါသည်.။ ရွှင်လန်းချမ်းမြေ့ကြပါစေ..။

+++++++++++++++++++++++

Gold Channel တွင် ဘာသာပြန်အဖြစ်အကူအညီပေးလိုသော မိတ်ဆွေတို့ကိုလဲ နွေးထွေးစွာ လက်တွဲခေါ်လျှက်ရှိပါသည်.။
--- Movie မြန်မာစာတန်းထိုး တစ်ဖိုင်လျှင် တစ်သောင်းကျပ်
--- Series တစ်ပိုင်းလျှင် ၄၀၀၀ ကျပ် နှုန်းဖြင့် ပြန်လည်ကျေးဇူးတုန့်ပြန်သွားမည်ဖြစ်ပြီး Movie File တွင်လဲ Credit ပေး၍ Page တွင်တင်ဆက်သွားမည်ဖြစ် ပါသည်.။
အိမ်နေရင်း မြန်မာစာတန်းထိုး ၀င်ငွေရှာလိုသူများ အလုပ်လိုအပ်သူများ Page Message Box မှ တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်.။ေ အာက်ပါ ဇာတ်ကားများအတွက် ဘာသာပြန်များစွာ လိုအပ်လျှက်ရှိကြောင်း သတင်းကောင်းပါးအားပါသည်.။ Like အများဆုံးရရှိသော ဇာတ်ကားကို ဦးစားပေးအနေဖြင့် ဘာသာပြန် အပ်သွားပါမည်..။

A Chinese Odyssey Part One: Pandora's Box 1995 (မြန်မာစာတန်းထိုး)




A Chinese Odyssey Part One: Pandora's Box 1995 (မြန်မာစာတန်းထိုး) Free Download 


တရုတ်ဟာသဘုရင်လို့ တင်စားခေါ်ဝေါ်ရမယ့် ဟာသမင်းသားကြီး စတီဗင်ချောင်ရဲ့ မျောက်ဘုရင် စွန်းဝူခုန်းဇာတ်လမ်းပါ.။ ကျွန်တော်တို့ သိထားကြ ကြည့်ဖူးထားကြတဲ့ Jounery to the West ဇာတ်လမ်းတွေလို ဆရာတော်နှင့်အတူကျမ်းစာပင့်တဲ့ ဇာတ်လမ်းမျိုးမဟုတ်ပဲနဲ့ ဆရာတော်ကိုပင် ဂရုမစိုက်ထင်ရာစိုင်းတတတ်တဲ့ ၀ူခုန်းကို တွေ့မြင်ရမှာဖြစ်ပြီး ၀ူခုန်းဘ၀မှ ကျိန်စာသင့်ပြီး သာမန်လူသားဘ၀မှာ ချစ်ခြင်းမေတ္တာတွေ ဘ၀ရဲ့ အနှစ်သာရတွေ ၊ တရားသဘောတွေကို သိရှိခံစားရပုံကို အဆန်းတကြယ်မြင်တွေ့ရမှာပါ .။ စတီဗင်ချောင်ဆိုတဲ့ အတိုင်း အလန်းစားဟာသတွေနဲ့ ကောင်းမွန်တဲ့ ကွန်ပြူတာ Effect တွေ စိတ်နှလုံးလှုပ်ရှားဖွယ်ရာ ဂီတသံစဉ်တွေနဲ့ အတူ စီးမျောခံစားကြရမယ်ဆိုတာ ရဲရဲကြီးကို အာမခံနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ.။။

ဘာသာပြန်ကို ကိုအာကာဟိန်းပြန်ပေးထားတာဖြစ်ပြီး Encoding Mg Moe Tain ပြုလုပ်ပေးထားတာဖြစ်ပါတယ်.။

Pcloud Download Link - 700MB
Watch Download Here
http://adf.ly/1bGPxb


Like & Share လုပ်ပေးခြင်းအားဖြင့် Page လေးတိုးတက်အောင် ကျေးဇူးပြုကူညီနိုင်ပါသည်.။ ရွှင်လန်းချမ်းမြေ့ကြပါစေ..။
နွံအိုင်ထဲမှ မကောင်းဆိုးဝါး HATHCHET III (မြန်မာစာတန်းထိုး) Free Download
************************************************
    သွေးပျက်ခြောက်ခြားဖွယ်ရာ အကြမ်းစားရက်စက်မှု့ ခြောက်လှန့်မှု့တွေကို မှ ရရှိခံစားချင်ကြသူများအတွက် Hatchet လာပါပြီ.။ ဘယ်လိုသတ်သတ်မသေနိုင်ပဲ ဆိုးရွားလှတဲ့ ကျိန်စာမိနေတဲ့ နွံအိုင်ထဲမှ ငရဲနတ်ဆိုး ဗစ်တာခရောင်လီ ...။ မိသားစုလုံးကျွတ် အသတ်ဖြတ်ခံရမှု့ကြောင့် မိစ္ဆာနတ်ဆိုးကို ကလဲ့စားခြေရန် ကြေးစားစစ်သား တစ်ဖွဲ့ကို ခေါ်ပြီး နွံအိုင်ထဲကို ရောက်လာတဲ့ ကိန်းဆိုတဲ့ မိန်းမလှလေး.။ ရဲတပ်ဖွဲ့ SWAT အထူးတပ်ဖွဲ့ တစ်ဖွဲ့လုံးနှင့် ငရဲနတ်ဆိုး ဗစ်တာခရောင်လီရဲ့ စစ်ပွဲ.။ စသည်ဖြင့် ထူးခြားမှု့ဆန်းကြယ်မှု့ပေါင်းများစွာဖြင့် အကြမ်းစား ရက်စက်မှု့ ခြောက်ခြားမှု့ကို ခံစားချင်သူတွေ အတွက် Download ရယူခံစားနိုင်ပြီဖြစ်ပါတယ်.။

ဘာသာပြန်ကတော့: Nero X ဖြစ်ပါတယ်။

Pcloud Download link : 735MB
Watch & Download Here.
http://adf.ly/1bGPza


    Gold Channel တွင် ဘာသာပြန်အဖြစ်အကူအညီပေးလိုသော မိတ်ဆွေတို့ကိုလဲ နွေးထွေးစွာ လက်တွဲခေါ်လျှက်ရှိပါသည်.။
--- Movie မြန်မာစာတန်းထိုး တစ်ဖိုင်လျှင် တစ်သောင်းကျပ်
--- Series တစ်ပိုင်းလျှင် ၄၀၀၀ ကျပ် နှုန်းဖြင့် ပြန်လည်ကျေးဇူးတုန့်ပြန်သွားမည်ဖြစ်ပြီး Movie File တွင်လဲ Credit ပေး၍ Page တွင်တင်ဆက်သွားမည်ဖြစ် ပါသည်.။
အိမ်နေရင်း မြန်မာစာတန်းထိုး ၀င်ငွေရှာလိုသူများ အလုပ်လိုအပ်သူများ Page Message Box မှ တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်.။ေ အာက်ပါ ဇာတ်ကားများအတွက် ဘာသာပြန်များစွာ လိုအပ်လျှက်ရှိကြောင်း သတင်းကောင်းပါးအားပါသည်.။ Like အများဆုံးရရှိသော ဇာတ်ကားကို ဦးစားပေးအနေဖြင့် ဘာသာပြန် အပ်သွားပါမည်..။
ကျေးဇူြး့ပုသောအားဖြင့် Like & Share လုပ်ခြင်းဖြင့် Page လေးတိုးတက်အေင် ကူညီနိုင်ပါသည်..။
ခရီးသွားဆာမူရိုင်း Anime Samurai X (မြန်မာစာတန်းထိုး)
Samurai X (မြန်မာစာတန်းထိုး) Epi 2

မေဂျီခေတ်ပြောင်းတော်လှန်ရေးကြီးမှာ သေမင်းလျှပ်စီးဓားသိုင်း (Hiten Mitsurugi-ryū) Batosai လို့ခေါ်တဲ့ ဓားသမားဟာ အစိုးရဘက်မှနေပြီး ကူညီ၍ စစ်ပွဲကြီးမှာပါဝင်တိုက်ခိုက်ခဲ့ပြီး သွေးစွန်းနေတဲ့မိစ္ဆာတစ်ကောင်လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပြိုင်ဖက်ကင်းဓားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်.။ မေဂျီခေတ်သစ်ကို အရောက်မှာတော့ တော်ဝင်လူသတ်သမားဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး သူကိုင်ဆောင်ခဲ့တဲ့ အသွားပြောင်းပြန်ဓားကို ကိုင်ဆောင်ထားတဲ့ အူကြောင်ကြောင် ခရီးသွားလူငယ်တစ်ယောက်ပေါ်ထွက်လာတယ်.။
အပိုင်း ၂ မှာတော့ ရာဟီကို လို့ခေါ်တဲ့ အင်မတန်ခေါင်းမာပြီး ဆာမူးရိုင်းမျိုးဆက် သူခိုးလေးကို ယာကူဇာဂိုဏ်ထဲကနေ ကယ်တင်ဖို့ မိုက်ရူးရဲ ဆန်တဲ့ ဓားသိုင်းဆရာမလေးဟာ တစ်ယောက်ထဲ ယာကူဇာဂိုဏ်ကို ၀င်တိုးပါတယ်။ God of Speed လို့ တင်စားခံရတဲ့ ခရီးသွားဆာမူရိုင်းတစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရာဟီကိုလေးရဲ့ အကြောင်းကို သိရှိကြရမှာဖြစ်ပါတယ်.။

Translator & Encod ကတော့ Mg Moe Tain ဖြစ်ပါတယ်.။
Like & Share လုပ်ခြင်းဖြင့် Page လေးတိုးတက်အောင် ကူညီနိုင်ပါတယ်. ကျေးဇူးတင်လျှက်...။

Pcloud link 100MB
Watch & Download Here

Samurai X Episode 2
http://adf.ly/1bGQ1l

Samurai X Episoe 1
Pcloud link 190MB
Watch & Download Here
http://adf.ly/1bGQ2s

The Mermaid (2016) မြန်မာစာတန်းထိုး

စီတီဗင်ချောင်ရိုက်ကူးတဲ့ The Mermaid (2016) မြန်မာစာတန်းထိုး Free Download

လူရှုပ်လူပွေစီးပွားရေးလုပ်ငန်းရှင် လျူရွှမ်ဟာ သဘာဝအပန်းဖြေကမ်းခြေ စီမံကိန်းတစ်ခုလုပ်ဖို့ အစိမ်းရောင်ပင် လယ်ကွေ့နေရာကို ၀ယ်ယူခဲ့ပါတယ်။ အပန်းဖြေဧရိယာထဲမှာရေနေသတ္တ၀ါတွေရဲ့ အန္တရာယ်ရှင်းအောင်လို့ ဆိုနာနည်းပညာသုံးပြီး ဖယ်ရှားခဲ့ပါတယ်။

တကယ်တော့အစိမ်းရောင် ပင်လယ်ကွေ့ဟာ ရေသူထီးတွေ၊ ရေသူမတွေရဲ့ ကျင်လည်ကျက်စားတဲ့နေရာဖြစ်ပြီး ဆိုနာကြောင့် သေဆုံးတာတွေ၊ နာမကျန်းဖြစ်တာတွေကြုံခဲ့ကြပါတယ်။ မသေဘဲကျန်ခဲ့တဲ့ ရေသူထီး၊ ရေသူမ အဖွဲ့ဟာ သင်္ဘောပျက်ကြီးတစ်ခုထဲမှာ ပုန်းနေကြပြီး သူတို့ကိုဒုက္ခပေးတဲ့ လျူရွှမ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့ကြပြီး ရှန်းဆိုတဲ့ ချောမောလှပတဲ့ရေသူမလေးကို ရွှမ်ဆီကို စေလွှတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ရှန်းဟာ လူယောင် ဖန်ဆင်းပြီး ကချေသည်တစ် ယောက်ပုံစံနဲ့ ရွှမ်ကိုချည်းကမ်ခဲ့ပါတယ်။ ရွှမ်ကတော့ ရှန်းကို မိန်းမရွှင်တစ်ယောက်လို့ ထင်ခဲ့ပြီး သူ့ရဲ့စီးပွားဖက်တွေမနာလိုအောင် ခပ်ချောချောမိန်းကလေးရှန်းကို တွဲဖို့လုပ်ခဲ့ပါတယ်။

ရှန်းဟာရိုးသားပြီး ဟာသဉာဏ်ရွှင်တဲ့ မိန်းကလေးမို့ ရွှမ် သဘောကျခဲ့ပြီး သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ရွှမ်ဟာ သူချစ်တဲ့ မိန်းကလေးဟာ ရေသူမလေးဖြစ်နေတာကို သိသွားခဲ့ပြီး သူရဲ့ဆိုနာစီမံကိန်းကြောင့် ရေသတ္တ၀ါတွေ ဒုက္ခတွေ့တယ်ဆိုတာပါသိသွားကာ ဆိုနာနည်းပညာကို ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရေသတ္တ၀ါတွေက သူတို့ကို ဒုက္ခပေးတဲ့ ရွှမ်ကိုအလွတ်ပေးပါ့ မလား၊ ဘ၀ချင်းမတူတဲ့ ရှန်းနဲ့ရွှမ်တို့ရဲ့ အချစ်ဇာတ်လမ်းကကော ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ လျူရွှမ်အဖြစ် ဒန်ချောင်၊ ရှန်းအဖြစ် လင်းယွမ်တို့က ခေါင်းဆောင် ပါဝင်ထားကြတာပါ။

******** 720P HD ကို Encode ပြန်လုပ်ထားပါတယ် ပထမဆုံးတင်တဲ့ ဇာတ်ကားလေးဖြစ်လို့ လိုအပ်ချက်များရှိရင်ပြောပေးကြပါ..။ Like & Share လုပ်ခြင်းဖြင့် Page လေးတိုးတက်အောင် ကူညီနိုင်ပါတယ်. ကျေးဇူးတင်လျှက်...။

Watch & Download Here

760MB Pcloud Link
http://adf.ly/1bGQ4n

Review Credit to-7day Daily